Featured

တောင်ကြီး အင်းလေး ပုဂံ ပင်းတရ မိန်းမရဲသခင်မတောင် Myanmar Travel

တောင်ကြီး အင်းလေး ပုဂံ ပင်းတရ မိန်းမရဲသခင်မတောင် Myanmar Travel

#တောင်ကြီး_အင်းလေး_ပင်းတယ_ခရီးစဉ် ( 4 Nights / 3 Days )ရှမ်းရိုးမတောင်တန်းကြီးပေါ်က ချစ်စရာ တောင်ကြီးမြို့ နှင့် ဂုဏ်ယူစရာ ကမ္ဘာကျော် အင်းလေးကန်ကြီးရဲ့သဘာဝအလှအပများကို လေ့လာရင်း ၂၀၂၀တရုတ်နှစ်သစ်ကူးမှာ 😘 ခရီးသွားခဲ့ကြတယ်. .👣👣ချစ်စရာကောင်းတာတစ်ခုက ဘယ်ဆိုင်မှာ ဈေး၀ယ်_ဈေး၀ယ် ဖော်ရွေတဲ့ တောင်ကြီးသူတွေက အသံဝဲဝဲနဲ့ သီချင်းလေးဆိုပြတယ် ……..🎶🎵 ပင်စိမ်းသီးပိုးထိုး..တောင်ကြီးသူမ ရအောင်းပိုး….🎶🎵 ဆိုပြီးပင်စိမ်းသီးလေးတွေကို မြည်းစမ်းကျွေးတာပေါ့ … 🥗🍝🍜🍲 စားတာသောက်တာကတော့ အစုံပဲ 😋😋😋သွားကြတဲ့ နေရာလေးတွေက 📸📸📸#ကလောနှီးဘုရား🙏(ဘုရားဖူးရင်းမျက်နှာသစ်ကြတာပေါ့အေးချက်ကတော့ အပူချိန် 4’C ပဲရှိတယ် )#ရွာငံရှိ_မြသပိတ်ရေပြာအိုင် (ထူးဆန်းစွာ ရေပြာနေတာကိုတွေ့ရပြီး ဓာတ်ဖမ်းလို့ ကောင်းတာပေါ့ 😁)#တောကျယ်ရေတံခွန် (ရေအားလျှပ်စစ်ထုတ်တာလေ့လာခွင့်ရမယ် ဓာတ်ဖမ်းမယ်ပေါ့ 😁) #မိန်းမရဲသခင်မတောင် (တောင်ပေါ်ကနေ ဓာတ်ဖမ်းလို့ကောင်းတဲ့နေရာလေးပေါ့ )#ပင်းတယရွှေဥမင်လိုဏ်ဂူ🙏(ဘုရား၀ဂ်ဘာနဲ့ ချစ်စရာ့ တောင်ကြီးတစ်မြို့လုံးရဲ့ ရှုခင်းတွေ့ရတယ်)#ကုံလုံဆရာတော်ဘုရား_စံကျောင်းနှင့်လွမ်းစေတီ🙏(ဆရာတော်ဘုရားကြီးရဲ့ မပုတ်မသိုးတဲ့ ရုပ်ကလာပ်တော်ကို ဖူးမြော်ရတယ်)#ပြီးတော့_တောင်ကြီး_ညဈေးလျောက်လည်_၀ယ်တယ်💵(ညဈေးမှာ အနွေးထည်၀ယ်ဖို့ မမေ့နဲ့နော် ဈေးလည်းသက်သာတယ် ) 💸💸====ဒါနဲ့ တစ်ရက် ကုန်သွားတာပေါ့ =====

ဒုတိယနေ့မှာတော့ ….အပူချိန်က ဒီနေ့ 12’C ပေါ့ ညရောက်တော့ 4’C ပြန်ဖြစ်သွားတယ် 😥😢#စူဠာမဏိဘုရား(ဘုရားကြီးကကြည်ညိုဖွယ်ရာကောင်းပြီးတရားထိုင်ချင်စိတ်ပေါက်သွားမယ်)😎#ဟိုပုံးရှိထမ့်စမ်းလိုဏ်ဂူ(ထမ့်စမ်းလိုဏ်ဂူကြီးကတော့ အံ့ဩစရာ ရုပ်ထုတွေနဲ့ ပြည့်နေပြီး စစ်တပ်အစောင့်အရှောက်နဲ့ထမ့်စမ်းကိုရင်ကြီးကို ဖူးမြော်ရမှာပါ ဖူး_ခဲလှပါတယ်)#မွေတော်ကက္ကူစေတီ နှင့် (ဘုရားစေတီ ၂၅၀၀ နဲ့ ရှေးဟောင်းလက်ရာအမွေအနှစ်တွေကို ဖူးမြော်ရပြီး ဓာတ်ဖမ်းရန်အကောင်းဆုံး နေရာလေးပါပဲ )#လက်ဆောင်၀ယ်စရာများနဲ့ဈေးတန်တဲ့မွေတော်ကက္ကူဈေးတန်း တို့မှာ ကြည်ငြိုဖွယ်ရာ ဘုရားများစွာနဲ့ ဓာတ်ဖမ်းစရာ နေရာတွေ တွေ့ခဲ့ရပါတယ်💯တောင်ကြီးမြို့တစ်မြို့လုံးကို အပေါ်မှ ကြည့်ရှူခံစားနိုင်ပြီး အင်းလေးကန်ကို မြင်ရတဲ့ တောင်ကြီး View Point 📸( ဓါတ်ဖမ်းလို့ကောင်းတဲ့နေရာပေါ့ )- ရွှေဘုန်းပွင့်စေတီတော်- မြစိမ်းတောင်မဟာမြတ်မုနိ- ပတ္တမြားလိုဏ်ဂူ- ရဟန္တာအရိုးကွင်းဆက်ဓါတ်တော်။ တို့ကိုလဲ ကားပေါ်မှ ဖူးမြော်ခဲ့ရသေးတယ် နော။

တတိယရက်ကလေးကတော့… #အင်းလေးကန်ကြီးကို ဆက်သွားကြတာပေါ့ 🏃🏃မနက်စောစောကားသမားကြီးက ကမ်းနားကူးတို့ဆိပ် လိုက်ပို့ပေးတယ် လှေသမားတွေက အဆင်သင့် စောင့်နေတာပေါ့ လှေကလေးတွေက ကာလာစုံချစ်စရာလေးတွေ မြုတ်လုမြုတ်လု နဲ့ စီးလို့ကောင်းတယ် #အင်းလေးကန်ကြီးထဲမှာလည်း🚣🚣ဇင်ယော်ငှက်တွေ အစာကျွေးတဲ့ခါ ကိုယ်ပစ်ကျွေးလိုက်တဲ့အစာရေပေါ်မကျခင် ဇင်ယော်တွေ လုသွားတာလေးတွေ 🕊️🕊️ကိုယ့်အဖွဲ့တွေ လှေတစ်စီးနဲ့ တစ်စီး ရေလယ်မှာ စုံတဲ့ခါ နှုတ်ဆက်အော်ဟစ်တာ လေးတွေက မမေ့နိုင်စရာလေးတွေပါ …သွားခဲ့တဲ့ နေရာလေးတွေကတော့ – ဖောင်တော်ဦးဘုရား 🙏🙏 ‌(ကြည်ငြိုဖွယ် ဖော်တော်ဦး ဘုရားနဲ့ ရုပ်ရှင်ထဲမှာသာတွေ့ဖူးတဲ့ အင်းလေးဖောင်တော်ကြီးတွေ လှေပြိုင်ပွဲသုံးတဲ့ လောင်းလှေကြီး တွေနဲ့ ခြေထောက်နဲ့ လှော်တဲ့ လှေသမားတွေကို တွေ့ရမှာပါ )- အလိုတော်ပေါက် ဘုရား🙏🙏 (ဒီမှာတော့ ချစ်သူနဲ့အတူတွဲဖူးချင်လို့ မရပါဘူး 😢 ဘာလို့ဆို ယောက်ျားလေးတွေပဲ အထဲ၀င်ဖူးခွင့်ရလို့ပါ RS တွေ so sad ပါ 😁)- ကြောင်ခုန်ကျောင်း🙏🙏 ကြောင်လေးတွေ အများကြီး ရှိပါတယ် ဓာတ်ဖမ်းတဲ့ နေရာလေးပါ 📸– ယက္ကန်းရုံ (ကျွန်တော်တို့ ချည်ကြိုးတွေကို လွယ်လွယ်ကူကူရနေတော့ ဖြတ်တောက်ပစ် ခဲ့ဖူးပါတယ် ဘယ်ကဘယ်လိုရလဲ မသိဘူး😢 တဂယ်မလွယ်ပါဘူး တစ်လက်မ နှစ်လက်မ ရဖို့တောင် မနည်းကြိုးစားရတာပါ ဘယ်လိုကြိုး စားရလဲ သွားကြည့်သိပါလိမ့်မယ် 😁🤣 )- ငွေထည်လုပ်ငန်းများနှင့် ပဒေါင်အိမ် ရှမ်းရိုးရာ ငွေထည်ပစ္စည်း‌မျိုးစုံ ကိုလေ့လာလို့ရပါတယ်

အစားအသောက်တွေနဲ့ ပတ်သက်ပြီးလည်း ရေးချင်သေးတယ် သွားချင်သွားအောင် အကျဉ်းချုပ်လေးပဲ ရေးပြီး ဆွယ်တော့မယ်

Design a site like this with WordPress.com
Get started